Sunday, June 6, 2010

" ပုထုဇဉ် "


သြော်ပုထုဇဉ်
မမြင်မျက်ကန်း သံသရာ အဆင်းလမ်းမှာ
စမ်းတ၀ါးဝါး လျှောက်သွားနေလိုက်တာ
ရှေ့မှာ ဘ၀ချောက်က
မတ်စောက်စောက် ရှိသော်လည်း၊
သူကမှ မမြင်တော့
ခြေချော်ပြီး ချောက်ကျတာ
လဲမှ နာ
နာမှ သိ
မချိ မဆံ့ ထိတ်ထိတ်လန့်လန့်နှင့်
လူးလွန့်ထူထ ဖုန်ခါချပြီး
ရှေ့မှာ မြင်ရ
မှုန်ပျပျ အဆင်းလမ်းကို
အတက်လမ်း ထင်၍
မှန်းဆ လျှောက်ပြန်တော့
နောက်ဘ၀ တစ်ခါ
ချောက်ကျ ရပြန်တာပေါ့။
ကံလမ်းပေါ်မှာ ပုထုဇဉ် သူ့ခမျာ
ဘ၀ပေါင်းများစွာ လျှောက်ခဲ့ပြီးပါလျက်
အတက်လမ်းပေါ် သူမရောက်
ချောက်ပြီးရင်း ချောက်ကျကာသာ
ကာလများစွာ ကြာခဲ့ပါပြီလေ။

ဆရာဆန်းလွင်၏ " ဥာဏ်လမ်းပေါ်လျှောက်လူတစ်ယောက်အကြောင်း " စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments: