Thursday, July 15, 2010

"Gtalk-antivirus"



Collin Joe အလုပ်ချိန်တွင် Gtalk-Chat နေရာ မန်နေဂျာမှ ရုတ်တရက် မြင်သွားလေသည်။

မြန်မာလူမျိုးနှင့် Gtalk သည်ရင်းနှီးသော်ငြား သူတို့လူမျိုးနှင့်ကား စိမ်းလှသည်။

Manager: Joe!! What’s that?

Collin Joe: Aww, This' one kind of antivirus software, sir. It come out again and again from the pc corner.

Manager: Is’t?

Collin Joe: Yes, of course, sir.

အရေးထဲ အရမ်းကိုရုတ်တရက် သိချင်နေတော့သည်။ သူမျက်စိ တစ်ချက်ခတ်လိုက်တာနဲ့ Sign out ကိုတန်းကနဲ လုပ်ဖို့တာဆူနေတုန်း..

“ so free? Gd lar u…:P “ ငနဲကအရေးထဲ။

“ hey, why U dun want to reply ? “ အရေးထဲသူက စိတ်တိုနေပြန်ပြီ။

“ သူက ဘယ်ကလည်း မဖြေဘူးနော် “ ဒီအလန်းဇယားက တစ်မှောက်နော်။

အရေးထဲ တစ်ပြိုင်နက် တုံခနဲတက်လာလိုက်ကြတာ ဆရာသမားကလည်း ဘာများလဲပေါ့။ ဘယ်လို antivirus software ကများကောင်းသလဲ သူကခုရက်ပိုင်း လေ့လာနေတာတဲ့လေ။ သေတာပဲ။ Mouse ကို R-clip, close လုပ်တာ ဒီတစ်ခါအမြန်ဆုံးပဲ။ သူကိုယ်တိုင် Mouse လာကိုင်တော့ ကြံမိကြံရာ ကြံလိုက်တော့မှပဲ စိတ်အေးရတော့တယ်။

ကဲဒါနဲ့ပဲ ခင်ဗျားကြီးကို ပညာပြပြီး Kaspersky ကဘယ်လို၊ Norton ကစက်လေးကြောင်း၊ ကိုယ်ပိုင် PC တွေဆို AVG တွေကို အင်တာနက် ကနေဘယ်လို၊ ဘယ်ချမ်းသာပေါ့။ အိုသိသမျှ၊ မှတ်သမျှတွေကို ဒီတစ်ခါပဲ English လိုပြောတာ ဒက်ကနဲ၊ လက်ခနဲ အရှိဆုံးပဲ။ (အော်ငါ့ Speaking Skill ကအရေးကြုံမှ ဇွတ်ကောင်းတတ်တာကိုး လို့တွေးမိလိုက်သေး :P )

“ တီတီတီ…ဂေါ်ဂေါ်ဂေါ်…”

ကျေးဇူးရှင်လေး။ သူ့ခါးကြားကအသံပေါ် လာတော့မှပဲ ထွက်သွားလေတော့တယ်။

“ဟူး…” မောပါ့။

ခြေမနဲ့ခြေညိုးကြားက အင်တာနက် ၀ါယာကို ပြန်တပ်ဦးမှ…။

ကဲ ကိုယ့်ဘော်ဒါတို့လည်း Gtalk antivirus ကိုကြည့်သုံးကြနော့်……:P……။



ဖန်နေ၀န်း

2 comments:

♣♣♣အိမ်မက်ချို♣♣♣ said...

It's really funny and
I like it so much. :D

aye said...

ha ha ..so funny..
u r wonderful...