Wednesday, October 13, 2010

" ဘ၀ဆိုသည်မှာ..."


(၁) သင့်အပြုံးတစ်ပွင့်ဟာ ချစ်စရာ ကောက်ကြောင်းလေးနဲ့အတူ ကွေးညွှတ်နေပါလိမ့်မယ်။
ဒါပေမယ့် အရာရာတိုင်းကို ဖြောင့်မတ်တည်ကြည် မှုတွေပေးစွမ်းနိုင်တဲ့ သဘောဆောင်တယ်။


(၂) ကျနော်တို့ဘ၀မှာမှန်ကန်စွာ နေထိုင်နိုင်ဖို့ လွတ်လပ်မှု (Freedom)ဟာ အရေးပါတယ်။

(၃) လူတစ်ဦးချင်းစီရဲ့ ဘ၀ဟာ ကြီးမားကျယ်ပြန့်တဲ့ အမှန်တရားတွေထဲ ၄င်းတို့ကိုယ်တိုင်
နက်ရှိုင်းမှု အပြည့်နဲ့ နေထိုင်ရှင်သန်ကြရတယ်။


(၄) လူတိုင်းဘ၀မှာ လိုချင်တောင့်တမိတာက စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ စဉ်ဆက်မပြတ်
စီးဆင်းနေဖို့ပါပဲ။


(၅) ဘ၀ဆိုတာ ၀ိညာဉ်တစ်ခုကို ရှင်သန်မွေဖွားဖို့ အခွင့်အလမ်း တစ်ခုမျှသာ ဖြစ်တယ်။

(၆) အများအကျိုးအတွက် ရှင်သန်တဲ့ ဘ၀သာလျှင် လုပ်သင့်လုပ်ထိုက်ပြီး အဓိပ္ပါယ်ရှိတဲ့
ဘ၀ဖြစ်စေတယ်။


(၇) အကယ်၍ လောကကြီးကသင့်ကို အရည်ရွှမ်းတဲ့ အသီးပေးခဲ့မယ်ဆို အကျိုးရှိရှိ
ထုတ်ယူသုံးစွဲနိုင်အောင် လုပ်ဆောင်ပါ။


(၈) ဘ၀ကို လိုလိုလားလား ရွက်လွင့်နေသူသာလျှင် အဓိပ္ပာယ်ရှိတဲ့သူ ဖြစ်နိုင်တယ်။

(၉) လောကကြီးကို အမြဲတမ်းကောင်းတဲ့ ဘက်ကကြည့်ပေးပါ။

(၁၀) ဘ၀ဆိုတာ တန်ဖိုးရှိစွာ ရှင်သန်နေထိုင်ဖို့ လိုအပ်သလို သင့်ယုံကြည်မှုတွေဟာလည်း
အမှန်တရားကိုဖန်တီးပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။


(၁၁) တစ်ကယ်လို့ ဘ၀ခရီးလမ်းဟာ လှပဖြောင့်ဖြူး နေခဲ့မယ်ဆိုရင် ဘယ်နေရာ၊ ဘယ်အချိန်ထိ
ဦးတည်သွားမှာလဲ ဆိုတာကျွန်တော်တို့ကိုယ်တိုင် မမေးကြပါနဲ့စို့။


(၁၂) အဆုံးသတ်မှာ သင့်ရဲ့ လုပ်ဆောင်မှု၊ တာဝန်တွေအတွက် ဘ၀ကို ဖြတ်သန်းလာခဲ့တာ
မဟုတ် ဘူး။
သင်ဖြတ်သန်းလာခဲ့ခြင်းသာလျှင် " ဘ၀ " ဖြစ်တယ်။


တစ်ခါတစ်လေလည်း ဘ၀ဆိုတာကို ရိုးရိုးလေး ဘာသာပြန်ချင်မိသည်။ ရိုးရိုးလေးတွေးပြီး ဆန်းဆန်းလေး ရေးချင်မိသည်။ လှလှပပ စာသားတွေတွေထဲ အဓိပ္ပာယ်နှက်နှက် လေးတွေး စေချင်သည်။ အနုပညာဆန်လှတဲ့ စာရေးခြင်းအနုပညာ ဟာသိမ်မွေ့ပြီး နက်ရှိုင်းလွန်းလှပေသည်။ လူတိုင်းသည် စာရေးတတ်ကြ၏။ စာရေးသူသည် စာဖတ်အားနည်း၍ စာရေးမတော်သော
" စာရေးသူ " မျှသာဖြစ်သည်။ စာရေးသူ ဘာသာပြန်မိသော " ဘ၀ဆိုသည်မှာ..." သည် ပတ်ဝန်းကျင် တွင် မြင်တွေ့သမျှကို ဥာဏ်စွမ်းရှိသ၍သာ ဖော်ပြထား ခြင်းဖြစ်၏။ မူရင်းစာသားများမှာ တစ်ပိုင်းတစ်စ များသာဖြစ်၍ မဖော်ပြတော့ပါ။



ဖန်နေ၀န်း

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

မှတ်သားစရာလေးတွေပါဘဲ
လောကကြီးကို အကောင်းမြင်နိုင်ဖို့ကြိုးစားပါ ဆိုတာလေးကိုတော့ အကြိုက်ဆုံးပါဘဲ
ခက်လည်း အခက်ဆုံးဖြစ်လိမ့်မယ်..
အားလုံးကို အကောင်းမမြင်နိုင်တောင်မှ တော်တော်များများကို အကောင်းမြင်ဖို့ ကြိုးစားနိုင်ရင် သိပ်ကောင်းမှာဘဲ။