
လမိုက်ညမှာ
ရေငတ်နေသလို
ဆာလောင်မှုဟာ ပြင်းလွန်းတယ်။
အငန်ဓါတ်တွေနဲ့
ပင်လယ်လောက်ကြီး သယ်မလာနဲ့ ကိုယ့်လူ
ရေချိုတစ်စက် မဟုတ်တောင်
တစ်ဝက်တော့ လုပ်ကွာ။
ဒါမှမဟုတ်
ခံစားချက်ခါးခါး ကိုသတ်ဖို့
တတ်နိုင်ရင် အခါးဆုံးတစ်ပုလင်းပေးကွာ။
သေချာတာက
ငါ့အမြည်းဟာ ချိုနေဖို့မလိုအပ်ဘူး
မရှိရင်လည်း " ဆား " နဲ့ပဲမြည်းမယ်ကွာ။
ဖြေဆေးမရောင်းဘူး
လာမပြောနဲ့
ဆွဲထိုးမိလိမ့်မယ်။
အရေးကြီးတာက
ဒီည
အိပ်မက်ဟောင်းထပ်မမက်ဖို့ပဲ။
ကိုယ့်ဆရာရေ
နောက်တစ်လုံးဟေ့...............
မရှိရင်လည်း " ဆား " နဲ့ပဲမြည်းမယ်ကွာ။
ဖြေဆေးမရောင်းဘူး
လာမပြောနဲ့
ဆွဲထိုးမိလိမ့်မယ်။
အရေးကြီးတာက
ဒီည
အိပ်မက်ဟောင်းထပ်မမက်ဖို့ပဲ။
ကိုယ့်ဆရာရေ
နောက်တစ်လုံးဟေ့...............
" အေ့ "
ဖန်နေ၀န်း
2 comments:
သောက်တာ အမြည်းရောပါရဲ့လား .
အမြည်းမပါရင် ရင်ပူတတ်တယ်ပြောတယ်...း)
ဟားဟား...
သားကဘုရားမကြိုက်တာမလုပ်ပါဘူးမမချောရဲ့....:D
Post a Comment