
ဒီနေ့နင်ပုံမှန်မဟုတ်ဘူး
နင့်ခံစားချက်တွေငါ့အတွက် ချိုပေါ့ဖြစ်နေတယ်။
အရွက်ကြမ်းတွေကို
ရေကြိုပြီးလာပေးမသောက်ပါနဲ့။
နင်က စိတ်မမှန်တဲ့ ငှက်ဆိုးလိုပဲ
အတောင်ကျိုးနေတာတောင် ရန်ထောင်နေသေး။
တော်ကြာချစ်၊ တော်ကြာပစ်နဲ့
နင်ဟာ အရူးလိုပဲ။
ငါ့အချစ်ကို ကြိုတင်မဲနဲ့အနိုင်ပိုင်းရအောင်
ငါနှလုံးသားက "......." မဟုတ်ဘူး။
အချစ်အတွက် အယူခံဝင်မနေနဲ့
ဒီနေ့ညီလာခံမရှိဘူး ကောင်မလေးရေ။
ရယ်မယ်ဆို မလှောင်ပါနဲ့
လှောင်ချင်နေရင် မရယ်ပြပါနဲ့။
စိန်မခေါ်ပါနဲ့ကွာ
အသဲကောင်းလို့ ပွဲတောင်းရအောင်
အချစ်မှာ ကြိုးဝိုင်းမရှိပါဘူး။
ဒီနေ့အတွက်ပဲ မဟုတ်ဘူး
တစ်ဘ၀လုံးအတွက် ချစ်ခဲ့စမ်းပါ
ဒီမှာ " ငါ " ရူးနေလို့.....။
ဖန်နေ၀န်း
No comments:
Post a Comment